|
RMS

တာချီလိတ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက်

  05/ Dec/ 2020

တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဥာဏ်မြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်း၊ တာလော့ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် ပုန်းထွန်အခြေခံပညာကျောင်းများတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ကိုဗစ်၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ပိုးတွေ့လူနာများနေထိုင်ခဲ့သော အခန်းများနှင့် ပတ်ဝန်းကျင်၊ အသုံးအဆောင်ပစ္စည်းများအား ပိုးသတ်ဆေးဖြန်းခြင်း၊ စနစ်တကျစွန့်ပစ်ခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။