|
RMS

သာပေါင်း၊ ငပု‌တော၊ ရေကြည်တို့တွင် ကြက်‌ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

  12/ Sep/ 2020

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၇ ဦးတို့သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် COVID-19 ရောဂါကာကွယ်ရေးအတွက် စစ်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား
နှာခေါင်းစည်းများ ပေးဝေခြင်း၊ စနစ်တကျ တပ်ဆင်ရန် အသိပညာပေးခြင်းတို့ကို ၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ ၁၂ ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။
ထို့အတူ ငပု‌တောမြို့နယ် ကြက်ခြေနီ အသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦးတို့သည် ငပုတောမြို့ရပ်ကွက်များ၊ ကျေးရွာများနေ ပြည်သူများအား မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အလှူရှင်များလှူဒါန်းသော နှာခေါင်းစည်း (၅၀၀၀)ခုကို အိမ်တိုင်ယာရောက် ပေး‌ဝေခဲ့‌ကြပါသည်။
ထို့အပြင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၉ ဦးတို့သည် လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်COVID-19‌ေရာဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ လူစည်ကားရာနေရာများတွင် COVID -19ရောဂါကာကွယ်ရေးအသိပညာများပေးခြင်း ၊ နှာခေါင်းစည်း များ‌ပေးဝေခြင်းတို့ကို ဩဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။