|
RMS

တာချီလိတ်တွင် COVID-19 ရောဂါကာကွယ်ရေး ပါဝင်ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်

  09/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီက COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသော တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဒေါ်စန်းစန်းမြင့်က မိန့်ခွန်းအမှာစကားပြောကြားခဲ့ပြီး တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။