|
RMS

ဘားအံမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း ကြက်ခြေနီပြုလုပ်

  08/ Sep/ 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်လုံလမ်းဆုံတွင် COVID-19 ရောဂါကာကွယ်ရေးအဖြစ် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ၊ အသိပညာပေးနှိုးဆော်ချက်များ၊ နှာခေါင်းစည်းများအ ခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်း သရုပ်ပြသခြင်းနှင့် အသိပညာပေးသီချင်းဖြင့်သရုပ်ဖော်ခြင်းများကို ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်၁၀ဦးက ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ ၈ရက်နေ့ကပြုလုပ်ခဲ့ကြပါသည်။