|
RMS

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် “Emergency Medical Service – First Responder Training” ဖွင့်ပွဲအခမ်းအနားတက်ရောက်

  21/ Feb/ 2022

ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော “Emergency Medical Service – First Responder Training” ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ကျောင်းကြီးလမ်း၊ Humanitarian သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းမှ ဌာနေကိုယ်စားလှယ် Mr. Rico Wallenta က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်မိုးကြည်က အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်မည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ပါသည်။
ယခုဖွင့်လှစ်သော သင်တန်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၆) ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၇) မြို့နယ်မှ သင်တန်းသား/သူ (၂၁) ဦးတက်ရောက်မည်ဖြစ်ပါသည်။